ရန်ကုန် သြဂုတ် ၁၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး Human Papilloma Virus (HPV) ပထမအကြိမ် ထိုးနှံခြင်းကိုထည့် သွင်း နိုင်ရန် လျာထားပြင်ဆင်လျက် ရှိကြောင်းသိရသည်။
အဆိုပါ ထိုးနှံမှုတွင် အသက်၉နှစ်မှ ၁၀နှစ်ပြည့်ပြီးသူ အမျိုးသမီးများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ ကျန်း မာရေးဦးစီးဌာနမှသိရသည်။
သို့ဖြစ်ပါ၍ရ န်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့၏သမီးငယ်များအား ကျန်ရှိမှုမဖြစ်စေရေးအတွက် ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၈ ရက်နေ့ မှစ၍လှိုင်မြို့ နယ်ရှိသက်ဆိုင်ရာရပ်ကွက်များနှင့် ကျန်းမာရေးဆရာမများထံတွင် စာ ရင်းပေးသွင်း နိုင်ကြောင်းသတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)