ရွှေတောင် သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြခွါညိုဦးက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်ရှိ အ.ထ.က ကျောင်း (၉) ကျောင်းအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ အားကစားပစ္စည်းများ ပေးအပ်ရာတွင် ကြိမ်ခြင်းလုံး၊ ဘောလုံး၊ ဘောလီဘော၊ MR3 ခြင်းလုံး၊ ခြင်းပိုက်၊ အားကစားဝတ်စုံ စုစုပေါင်းတန်ဘိုး လေးသိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးကြည်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)