ရန်ကုန် သြဂုတ် ၁၆
ရန်ကုန်တိုင်း ဒေသကြီး၊ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Shopping Mallနှင့် စားသောက်ဆိုင်များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ /မရှိအား မြို့နယ်Covid-19 အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်အတူ ယမန်နေ့ နေ့လည် ၁ နာရီကစ၍ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။ ယင်းသို့ စစ်ဆေးရာတွင် မြို့နယ် Covid-19 အရေးပေါ်တုံ့ ပြန်ရေး ကော်မတီသည် စားသောက်ဆိုင်များတွင်နှာခေါင်းစည်းများတပ်ဆင်၍ရောင်းချခြင်းရှိမရှိ၊ ကိုယ်အပူချိန် တိုင်းပေးခြင်း ရှိ မရှိ၊ လက်ဆေးဘေစင်များထားရှိထားခြင်း ရှိ မရှိ၊ ကျန်းမာရေး နှင့်အညီစနစ်တကျ ဖွင့်လှစ်ထားခြင်း ရှိ /မရှိများကို ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး လိုအပ်ချက်များအား ပြုပြင်ဆောင်ရွက်ပေးရန်၊ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနှင့်အညီ ချက်ပြုတ်ရောင်းချခြင်း သိုလှောင်သိမ်းဆည်း ခြင်းများပြုလုပ်ကြရန် လမ်းညွှန်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြည်ဇေသော် (ပြန်/ဆက်)