အလုံ သြဂုတ် ၁၆
ရန်ကုန်တိုင်း သမဝါယမအသင်းစုချုပ်သည် မကွေးတိုင်းသမဝါယမ အသင်းစုချုပ်နှင့် ချိတ်ဆက်၍ကြက်သွန်နီများအား ရန်ကုန်တိုင်းအတွင်း မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ အလုံမြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်အတွက် ခွဲတမ်းရရှိသော ကြက်သွန်နီပိသာ ၄၀၀ အား ယနေ့ နံနက်ပိုင်းက ဖြန်းဖြူးရောင်းချခဲ့ကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ် သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများသို့ ခွဲဝေဖြန့်ဖြူးပေးခြင်းနှင့် မြို့နယ်သမဝါယမအသင်းစု စံပြအရောင်းဆိုင်တွင် ကြက်သွန်နီများအား ၁ ပိဿလျှင် ၆၀၀ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
တင်တင်ချို ပြန်/ဆက်