သတင်းများ

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ဖွင့်လှစ်သော ပန်းကြယ်သီးထိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ခရီးသွားလုပ်ငန်းများတွင်ပါရှိသည့် ခရီးစဉ်များကို အသစ်ပြန်လည်ရေးဆွဲရန်၊  ဟိုတယ်လုပ်ငန်းများတွင် ပြန်လည်ပြုပြင်ရမည့်လိုအပ်ချက်များပြင်ဆင်ရေးဆွဲရန်၊ ဝန်ထမ်းအင်အား ပြည့်မီအောင်ခန့်ထားရန်၊ ကျွမ်းကျင်ဝန်ထမ်းများခန့်ထားရန် လိုအပ်ကြောင်း မှာကြားသည်။
အလုံမြို့နယ်၌ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးခြင်းဆောင်ရွက်
Sep 11,2025
အလုံမြို့နယ်၌ စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များသို့ကွင်းဆင်း၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက“စာအုပ်စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ် ဝင့်ကြွား လာမည်ဖြစ်ကြောင်းပြောကြားသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဖြူးမြို့တွင်း ထန်းကုန်းလမ်းမမှ (၂၃)လမ်းကိုဆက်သွယ်သွားလာနိုင်သည့် (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်း
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများ အသစ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းကုန်းလမ်းမှ (၂၃)လမ်းအထိဆက်သွယ်သွားလာအသုံးပြုနိုင်သော (၁၉)လမ်းအား  ကွန်ကရစ်လမ်းသစ်ခင်းကျင်းနေခြင်းကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးပွဲကျင်းပ
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့နံနက် ၈ နာရီကစတင်၍ ပြည်သူ့အားကစားကွင်းနှင့် မိုးလုံ‌လေလုံ အားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နီပွန်ဖောင်ဒေးရှင်းမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။