သတင်းများ

ဘိုကလေးမြို့နယ်တွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နေ့လယ်(၁)နာရီ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။
 အ.လ.ကခွဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Sep 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အ.လ.ကခွဲ (၄)ရပ်ကွက်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၉ ရက်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (၄)ရပ်ကွက်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူ (၁၁၆၉) ဦးအား ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ ပေးအပ်ခြင်းအခမ်းအနားကို အဖွဲ့(၂)ဖွဲ့ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမနှင့် ပေါက်ကုန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတို့၌ ကျင်းပသည်။
တာမွေမြို့နယ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်း မိသားစုများ၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်း မိသားစုများ၏ (၂၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ကျောင်းစုဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲဆောင်ရွက်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အေးရွာဘလုပ်ညွန့်စက်ကလေးရပ်ကွက်၊ သာသနာ့ရောင်ခြည်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကော့မှူးမြို့နယ် နတ်ရေတွင်းကျေးရွာ၌ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်လှစ်
Sep 11,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ နတ်ရေတွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်ပညာရေးမှူးဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၈)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် နံနက်(၉)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Sep 11,2025
တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ထားဝယ်မြို့ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပသည်။