သတင်းများ

ဟိုပုံးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခဲ့ကြသည်။
ကွန်ဟိန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Sep 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက  မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Sep 12,2025
ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှ ဝေတတ်စေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 12,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း
Sep 12,2025
(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးဥက္ကာကို ဦးဆောင်၍ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း ကွပ်ကဲမှုအောက်ရှိ ရတဖ(၁၈)တွင် ဖွင့်လှစ်သည့် ရဲတပ်သားသစ် သင်တန်းအမှတ်စဉ် ၂၂၉/၂၅ ဗလတပ်ခွဲမှ သင်တန်းသား ၁၂၀ ဦးသည် ၁၀-၉-၂၅ ရက်နေ့ နေ့လည်ပိုင်းနှင့် ၁၁-၉-၂၅ ရက်နေ့ နေ့လယ်ပိုင်းတို့တွင် နေပြည်တော် အမှတ်(၂)တပ်မတော် စစ်ဆးရုံ ကုတင် (၁၀၀၀)၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ ရောဂါဗေဒပါရဂူ ဗိုလ်မှူး မင်းမင်းစိုးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်စာ ကြက်ဥ၊ ဘီစကစ်မုန့်၊ နို့မှုန့်နှင့် အားဆေးများအား ပြန်လည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ တိရစ္ဆာန်အစာနေပီယာမြက်ကို ခြံစည်းရိုးများတွင် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကာ နွားစာအတွက်ဖူလုံ
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ တိရစ္ဆာန်အစာ နေပီယာမြက်စိုက်ပျိုးခြင်းများအား ယာခင်းခြံစည်းရိုးတလျှောက်၊ ငှက်ပျောခြံ ခြံစည်းရိုးနှင့် နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးထားကြပြီး နေပီယာမြက်များ အောင်မြင်ဖြစ်ထွန်းကာ နွားစာအတွက် ဖူလုံမှုရှိလာကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုထံက သိရသည်။
ကျောက်ပန်းတောင်းမြို့ MYTEL ရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာများ အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ MYTEL ဆက်သွယ်ရေးရုံးတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် လယ်ယားတောင်ကျေးရွာအုပ်စု တောင်ခြေရွာ၌  မြန်မာအီလက်ထရောနစ် မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Sep 12,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို၊ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်က လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာ ပညာ့ဗိမ္မာန်စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။