သတင်းများ

မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ဆက်လက်ရောင်းချ
Sep 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၄)ရပ်ကွက်ရှိ မြို့လည်ကျောင်းတိုက် တန်ဆောင်းတော်ကြီး၌ သက်သာသောဈေးနှုန်းဖြင့်  ပြည်သူများလက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာ၀အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ
Sep 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ကရသူရိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များ ပြသ
Sep 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြော 
Sep 12,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော လူကုန်ကူးမှုဆိုင်ရာ  အသိပညာပေး ဟောပြောပွဲကို  ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပသည်။    
မင်္ဂလာဒုံမြို့နယ်‌၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းဆောင်ရွက်
Sep 12,2025
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ မင်္ဂလာဒုံဈေးရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်ရှိ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည်။
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပ
Sep 12,2025
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲကို စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာနေ သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်နှင့်တွေ့ဆုံကာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းအား စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)(၉/၂၀၂၅)သို့တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ
Sep 12,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်း ရတနာများအား စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံသည်။