ဝေါလေမြိုင်မြို့၌ ဆင်းရွှေကြာ-၂ နေကြာမျိုး စမ်းသပ်စိုက်ခင်းရိတ်သိမ်းခြင်းဆောင်ရွက်

ဝေါလေမြိုင် ဩဂုတ် ၂၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးစိုးပိုင်၏တောင်ယာ၌ စမ်းသပ်စိုက်ပျိုးထားသော ဆင်းရွှေကြာ-၂ နေကြာမျိုး စမ်းသပ်စိုက်ခင်းရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေကြာစမ်းသပ်စိုက်ခင်း စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ဝေါလေမြိုင်မြို့၊ စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းနိုင်ဦးက နေကြာမျိုးများ ဒေသရေမြေ ရာသီဥတုနှင့်လိုက်လျောညီထွေမှု ရှိ၊ မရှိ စမ်းသပ်စိုက်ပျိုးရခြင်းဖြစ်ပြီး စမ်းသပ်စိုက်ပျိုးခြင်းအောင်မြင်ပါက ဒေသအတွင်း စားသုံးဆီဖူလုံရေး အထောက်အကူပြုနိုင်ရန် နေကြာများကို  ဆီထွက်သီးနှံများအဖြစ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ပြီး လာမည့်ဆောင်းရာသီတွင်လည်း ဆက်လက်၍စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)