မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူ(၅)ဦးအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့ နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ MASK တပ်ဆင်သွားလာခြင်းမရှိသူ (၅)ဦးအားဒဏ်ပေးစနစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းလှုပ်ရှားသွားလာသူများအား MASK တပ်ဆင်သွားလာရေး မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် နေ့စဉ်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက MASK တပ်ဆင်သွားလာခြင်းမရှိသူ(၅)ဦးအား ဒဏ်ပေးသည့်အနေဖြင့် MASK(၁၀)ခု ဝယ်ယူစေပြီး(၅)ခုအား မြို့နယ် COVID-19  ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီထံ လှူဒါန်း၍ ကျန်(၅)ခုအနက် တစ်ခုကို တစ်ပါတည်းတပ်ဆင်စေပြီးမှသာ လိုရာခရီးဆက်သွားခွင့် ပြုခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးရှေ့၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်နှင့် မိုင်းတုံလမ်းဆုံတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဖြိုးကိုကိုထွန်း တို့ ဦးဆောင်၍ မြို့နယ် ရဲတပ်ဖွဲ့၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)