သတင်းများ

သရက်ချောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကျင်းပ
Sep 10,2025
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ လက်တွေ့အသုံးချ ကွန်ပျူတာ ကျွန်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်အခမ်းအနား ကျင်းပ
Sep 10,2025
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၃/၂၀၂၅)၊ PowerPoint ၊ Zoom Meeting နှင့် Video Conferencing အသုံးပြုနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၅)၊ လက်တွေ့အသုံးချကွန်ပျူတာ ကျွန်းကျင်မှု (Essential Networking Engineering Course) သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သင်တန်းကြီးကြပ်များ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်းဆောင်ရွက်
Sep 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းခတ်မြို့၊ ဝမ်ခုတ်‌ကျေးရွာနမ့်လွေစာကြည့်တိုက်သို့ စာကြည့်တိုက်ရှင်သန်ခိုင်မာ‌ရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ
Sep 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဝမ်ခုတ်ကျေးရွာ “နမ့်လွေ” စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 10,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 10,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်သည့်တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ ရာခိုင်နှုန်းအလိုက် စံချိန်စံညွှန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေးအတွက် ပြည်နယ်
ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆက်လက်ကျင်းပ
Sep 10,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ပုညနန္ဒာဓမ္မာရုံတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉  နာရီခွဲက ကျင်းပခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ
Sep 10,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးအထိမ်းအမှတ်အဖြစ် ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ သထုံလမ်းရှိ လေ့ကျင့်ရေးအထက်တန်းကျောင်း (တီတီစီ) ရှိ ပညာ့ဗိမာန်ခန်းမ၌ စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် "ဒစ်ဂျစ်တယ်ခေတ်ကို လိုက်မီဖို့ စာတက်မြောက်ရေး မြင့်တင်စို့" ဟူသောဆောင်ပုဒ်အားဂုဏ်ပြု၍ အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။