သတင်းများ

ရွှေပြည်သာမြို့နယ်၌ ကိုယ်ပိုင်‌ကျောင်းများနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှတို့ပူးပေါင်း၍ ကိုယ်ပိုင်ကျောင်းများနှင့်အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူများအား ယမန်နေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ် အတွင်းရှိကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ အားငွေကြေးထောက်ပံ့မှုအစီအစဥ်မှ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေနံနက်ကမြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။
မြန်အောင်မြို့နယ်၊ တောင်ရိုးတိုက်နယ်မှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် တောင်ရိုးတိုက်နယ်မှ မဲဆန္ဒရှင် ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို သြဂုတ်လ ၂၆ ရက်နေ့က လက်ပံကွင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာစာဖတ်ဝိုင်းကျင်းပ
Aug 28,2025
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
မိုးနဲမြို့နယ် နမ့်မော်ဆွမ့်အုပ်စု၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်း လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
Aug 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု အောင်သပြေကျေးရွာခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းလက်တွေ့သရုပ်ပြခြင်းနှင့် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြော
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Aug 28,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေးဗီဒီယိုများပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဲကုန်း၏ သာဓုခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပရေးဆပ်ကော်မတီ (တတိယ) အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 28,2025
‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲ ကျင်းပရေး ဆပ်ကော်မတီ (တတိယ) အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။