သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် "ဦးဘချို" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်
Sep 10,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင်  "ဦးဘချို" စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်
Sep 10,2025
လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီကစစ်ဆေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး
Sep 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ-ထ-က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အ-ထ-က ကျွန်းစုကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကျုံပျော်မြို့ မိုးကြိုးပစ် အ.ထ.က၌ အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 10,2025
ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်  ကျုံပျော်မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌နံနက် ၁၀ နာရီခွဲအချိန်က ကျုံပျော်မြို့နယ်  မိုးကြိုးပစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
ခမောက်ကြီးမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Sep 10,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌  နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို စက်တင်ဘာ  ၁၀ ရက်နေ့နံနက် ၉ နာရီခန့်က အ.လ.က ယုဇန ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခြင်း
Sep 10,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်၊ ရတနာစေတီဆင်များရှင်စေတီတော်၊ မဟာစေတီတော်ကြီးများ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ရွှေတောင်မြို့နယ်၌ အသက်(၈၅)နှစ်အထက် ဘိုးဘွား ၈၉၂ ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေထုတ်ပေး
Sep 10,2025
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းနှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Sep 10,2025
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းနှင့် လျှပ်စစ်သံဂဟေဆက်နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။