သတင်းများ

ကျည်တောင်ရေဘေးရှောင်စခန်း၌ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်
Aug 29,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျည်တောင်ကျေးရွာရှိ ရေဘေးရှောင်စခန်း၌ ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စိတ်လူမှုဆိုင်ရာပံ့ပိုးနှစ်သိမ့်‌ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Aug 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် မဲမေးစက်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃၀ ရက်အထိ ကျိုင်းတုံမြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ ၁၃၅၅ ဦးအား အ.ထ.က-၂၊ သံလွင်ခန်းမတွင် ဖွင့်လှစ်သင်ကြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)သို့ စာအုပ်စာစောင်များလှူဒါန်း
Aug 28,2025
ရခိုင်ပြည်နယ် စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်အတွက် စာရေးဆရာ၊ သတင်းစာဆရာ ကျွန်းသားငမန်းက ရခိုင်ပြည်နယ်ဖြစ်စဉ် သမိုင်းများ စီးပွားရေးကဏ္ဍ၊ အပိုင်း(၃)၊ ရခိုင်ကမ်းရိုးတန်းဒေသ ရေလုပ်ငန်းစီးပွားရေး၊ ယနေ့ရခိုင်ပြည်နယ် လူမှုစီးပွားပထဝီစသည့် သုတ၊ ရသစာအုပ်စာစောင်များကိုလှူဒါန်းပွဲကို စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နေ့လယ်ပိုင်းက ကျင်းပသည်။
လှည်းကူးမြို့နယ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဥ်ဖြင့် ဘိုးဘွားများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အိုစောင့်ရှောက်မှုအစီအစဥ်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်းတွင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ (အခမဲ့) ဆောင်ရွက်ပေးကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပ
Aug 28,2025
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏( ၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်းတည်၌ ဆီထွက်သီးနှံမိုးနှမ်းများစတင်ရိတ်သိမ်း တစ်ဧကလျှင်ပျှမ်းမျှ တင်း ၂၀ ကျော် ထွက်ရှိ
Aug 28,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုလအလယ်မှစ၍ မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။ 
တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း
Aug 28,2025
တနင်္သာရီတိုင်းဒေသကြီးမြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၈/၂၀၂၅)ကြိမ်မြောက် နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့( ၈/၂၀၂၅ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။