ငွေဆောင်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက်( MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြခြင်းဆောင်ရွက်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်စေရေးတို့အတွက် ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ငွေဆောင်မြို့နေ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်( MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်းသရုပ်ပြခြင်းတို့ကို ယမန်နေ့နံနက်( ၉)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။