သတင်းများ

မိုးနဲမြို့၌ မြို့နယ်အဆင့် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ဆောင်ရွက်
Aug 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနခန်းမတွင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကုသ‌ရေးဦးစီးဌာနမှူး‌ ဒေါက်တာဇင်မီဟန်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်း အတွင်း‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ နို့တိုက်မိခင်နှင့်ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းသည် ရွှေညောင်မြို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Aug 29,2025
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ကုန်းလှိုင်သာသနောဒယပရိယတ္တိစာသင်တိုက်၊ ဇေယျသီရိဓမ္မာရုံ၌တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ကျောင်းကုန်းမြို့၌ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
တပ်နယ်(လင်းခေး)၌ ၂၀၂၅ ခုနှစ်(တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Aug 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ တပ်နယ်(လင်းခေး)၏ ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက တပ်နယ်စိုက်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ ဆက်သွယ်​​​ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  အမှတ်(၂) အခြခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
တပ်ကုန်းမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ရေဝင်ရောက်သည့် အိမ်ထောင်စုများအား ရေသန့်ဖြန့်ဝေရေး၊ တံတားပျက်စီးမှုများ ကြည့်ရှုစစ်ဆေး
Aug 29,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေး ကွင်းဆင်းကြည့်ရှုခဲ့ရာ မိုးတင်ရေ၊ လယ်ကြားရေများ ဗိုလ်မင်းရောင်ရပ်ကွက်၊ အနိမ့်ဝိုင်းခြံများအတွင်း ဝင်ရောက်နေမှုများ၊ ရပ်ကွက်ပြည်သူများစုပေါင်းပြီး ရပ်ကွက်ရေဆိုးထုတ်မြောင်းအတွင်း ဒိုက်အမှိုက်သရိုက်များ ရှင်းလင်းနေမှုများ ကြည့်ရှုကာ လိုအပ်သည်များ သက်ဆိုင်ရာဌာနများအားမှာကြားခဲ့ပြီးနောက် စုပေါင်းရှင်းလင်းနေသည့် ပြည်သူများကို မုန့်များပေးအပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ယာယီရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် စောင်များပေးအပ်၊ နေပြည်တော်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာခြင်းလုံးအသင်းများအား တွေ့ဆုံအားပေးစကားပြောကြား
Aug 29,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်းတိုက်သို့သွားရောက်ပြီး လယ်တီဗိမ္မာန်တွင် ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာ ယာယီလာရောက်နေထိုင်စဉ်ကာလအတွင်း စားဝတ်နေရေးကိစ္စရပ်များကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ယာယီဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်ပြည်သူများမှလည်း စည်းကမ်းတကျနေထိုင်ကြရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ပေးရန်လိုကြောင်း၊ ယာယီနေထိုင်သူများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ကြရန်လိုကြောင်း၊ လိုအပ်ချက်များရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို တင်ပြဆောင်ရွက်နိုင်ကြောင်း၊ ရေပြန်ကျပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိပါကလည်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။