သတင်းများ

မြောင်းမြမြို့တွင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ
Aug 29,2025
ဧရာဝတိတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲအား မြောင်းမြမြို့ မြို့မအားကစားကွင်းအတွင်းတွင် ယမန်နေ့ညနေ(၃)နာရီအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းခန်းမ၌ ကျင်းပသည်။
ကျုံပျော်မြို့နယ်၌ သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲပြုလုပ်
Aug 29,2025
မြေလွှာပျက်စီးမှုမှကာကွယ်ရန်နှင့် တောင်သူများရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု၊ တောင်သူ ဦး‌မန်းစိုးသိန်း၏ ခြံမြေအတွင်း၌ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်သည်။
ကွင်းကောက်ဒေသတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊‌ ကွင်း‌ကောက်ဒေသအတွင်းရှိကျေးရွာ အုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းကောက်‌(မြောက်) ကျေးရွာမြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်သား၊ ကျောင်းသူများကို ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးဟောပြော
Aug 29,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကြံခင်းမြို့၌ နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပ
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက နိုင်ငံစီပွားရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းအခမ်းအနားကျင်းပခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ မဲဆန္ဒရှင်များအား မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှကြီးမှူး၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား မြန်မာ့အီလက်ထရောနှစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ သိရှိစေရန်ရည်ရွယ်ချက်ဖြင့် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဩဂုတ်လ(၁၈)ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းတွင်းလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။