သတင်းများ

ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့ကျင့်မှုကောင်းမွန်စေရေး ကျောင်းကောင်စီအသင်းလိုက်၊ အတန်းလိုက် သင်ထောက်ကူ ပြိုင်ပွဲကျင်းပ
Aug 28,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ အ.ထ.က(၁)အမျိုးသားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူလေ့ကျင့်မှုလွယ်ကူစေခြင်း၊ သင်ခန်းစာများအတွက် ထိရောက်စေခြင်း၊ စည်းလုံးညီညာပျော်ရွှင်စွာ မိမိတို့၏ ပညာရေးအတွက် ယှဉ်ပြိုင်စိတ်များ ရှိစေရေးအတွက်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်ထောက်ကူပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၇) နာရီအချန်မှ မွန်းလွဲ(၂)နာရီအချိန်ထိ အဆိုပါကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 28,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယာဉ်ထိန်းတပ်ဖွဲ့စု (၃၁)မှ တာ၀န်ရှိသူများက ဆောင်ရွက်ခဲ့‌ကြပါသည်။
ထားဝယ်မြို့၌ ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်
Aug 28,2025
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် တနင်္သာတိုင်းဒေသကြီးအတွင်းရှိ အသေးစားစက်မှု လက်မှု လုပ်ငန်းရှင်များအား ဒီဂျစ်တယ်နည်းပညာနှင့် အွန်လိုင်းအသုံးပြု၍ ဈေးကွက်ဝင်ရောက်ရောင်းချခြင်း ဗဟုသုတရရှိစေရန်အတွက် “ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ကျင်းပသည်။
Polytechnic University (Maubin), Faculty of Computing ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Project Show ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ Polytechnic University (Maubin), Faculty of Computing တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Project Show ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲတွင် ကျင်းပပြုလုပ်သည်။
ဘိုကလေးမြို့နယ်ကျေးရွာများအရောက် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပဆောင်ရွက်သည်။
ဒေးဒရဲမြို့နယ်၌ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်အဖြစ် အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး ကွင်းဆင်းဆောင်ရွက်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေးများအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု (စတုတ္ထပတ်) အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 28,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်း ဆင်းကြည့်ရှု
Aug 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ‌ ရွှေပြည်စိုးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒလဘမ်းကျေးရွာနှင့် သရက်ပင်ချောင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။