ဒေးဒရဲမြို့နယ်၌ အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်အဖြစ် အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး ကွင်းဆင်းဆောင်ရွက်
Aug 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေးများအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု (စတုတ္ထပတ်) အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။