သတင်းများ

ခရမ်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ် (၃) ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
သန်လျင်မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 26,2025
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် သန်လျင်မြို့ အ.ထ.က (၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။
ကော့မှူးတွင် ဆန်ဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
May 26,2025
ဆန်ရောင်းချသူများအနေဖြင့် ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချမှု ရှိ/မရှိ အခြေအနေများအား လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ပုံမှန်ပြေးဆွဲပေး
May 26,2025
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ သွားလာမူအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တကြိမ် အခမဲ့ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့၌ ပလတ်စတစ်အိတ် မသုံးစွဲရရေးနေ့အဖြစ် သတ်မှတ်ဆောင်ရွက်
May 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ်များ လျော့နည်းစေရေးအတွက် ဈေးရောင်း၊ ဈေးဝယ်နှင့် ရပ်ကွက်နေပြည်သူများသိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မင်းဘူးမြို့ မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ စာသင်ကျောင်းများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
May 26,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ရွှေဘုံသာမူလတန်းကျောင်းနှင့် ရုံးရပ်မူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်း
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီကသပြေတန်းကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ ကွင်းအမှတ်(၆၂၇)၊ တောင်သူဦးတင်ပိုင်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ မြို့မဈေးကြီးအတွင်း အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး
May 26,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။