သတင်းများ

လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ 2019 Novel Coronavirus ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့(မြတ်စေတနာ)အခမဲ့ဆေးခန်း၌ ဆေးလာရောက်ကုသသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်နိုင်ရေးရည်ရွယ်၍ မြို့နယ်ကုသ/ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက မြတ်စေတနာအခမဲ့ ဆေးခန်း၌ကျင်းပသည်။
ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန်ဘုရားဖူးသူများပြားခဲ့
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ အလောင်းတော်ကဿပ ရုပ်ကလပ်တော်တည်ရှိရာသို့ မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်ဝင် ရောက်မှုသည် ညအိပ်ဘုရားဖူးများထက် နေ့ချင်းပြန် ဘုရားဖူးလာရောက်မှု ပိုမိုများပြားကြောင်း အလောင်းတော်ကဿပဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလင်း ၏ ပြောကြားချက်အရ သိရသည်။
စဉ့်ကိုင်၌ စာဖတ်ဝိုင်း ကျင်းပ
Feb 23,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အသင်း "မဟာရာဇဝင်ကျော်" (BOOK CLUB) တို့ ပူး​ပေါင်း၍ စာရေး ဆရာဖေမြင့်ရေးသားသော "ပြောတတ်၊ ဆိုတတ်ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ကျင်းပသည်။
လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ရေကစားမဏ္ဍပ်ကြီးများကို ပေ ၁၅၀ ထက်ကျော်၍ ဆောက်ခွင့်ပြုပေးသွားမည်မဟုတ်
Feb 23,2020
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် မန္တလေးမြို့အနေဖြင့် ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် စင်ထိုးခြင်းများနှင့် ကျုံးအနောက်ဘက်ခြမ်းရှိ ရေကစားမဏ္ဍပ်ကြီးများကို ပေ၁ ၅၀ ထက်ပို၍ ဆောက်ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း မန္တလေးမြို့တော် စည်သာယာရေးကော်မတီမှ သိရသည်။
သထုံမြို့၌ ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 23,2020
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ (Public Talk) ကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကာ ကျင်းပပြုလုပ်သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်
Feb 23,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာ မောင်ကျေးဇူး၏ “ဘဝနေတတ်မှုအနုပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေးဟောပြော (Mask) များအခမဲ့ပေးဝေ
Feb 23,2020
ရေဦးမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင် ဦးဆောင်လျက် 2019 Novel Coronavirus Virus ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက လက်ပံကွက် ကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ဒိန်းမတ် - မြန်မာ လူ့အခွင့်အရေးနှင့်တရား ဥပဒေစိုးမိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ထားဝယ်မြို့၌ကျင်းပ
Feb 23,2020
ဒိန်းမတ်- မြန်မာလူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။