သတင်းများ

မိုးကောင်းမြို့၌ ရှေးဟောင်းသမိုင်းဝင် ရွှေဝက်တိုးစေတီတော်ကြီး ထီးတော်အသစ်တင် မင်္ဂလာအခမ်းအနားကျင်းပ
May 21,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ လွဲလော‌ကျေးရွာအုပ်စုရှိ မန်ပင်ကျေးရွာတွင်း တည်ထားကိုးကွယ်အပ်သော သမိုင်းဝင်ရွှေဝက်တိုးစေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ထီတော်အသစ်တင် အလှူတော်မင်္ဂလာပွဲကို မေလ (၁၉) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။
အလုံမြို့နယ်တွင် “မှုခင်းကျဆင်း‌ရေးအသိပညာ‌ပေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကျင်းပ
May 21,2026
အလုံခရိုင်၊အလုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများပူးပေါင်း၍ “မှုခင်းကျဆင်း‌ရေးအသိပညာ‌ပေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်၌ NTN TT CLUB ၏ နွေရာသီသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 21,2026
ပဲခူးတိုင်း‌ဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN TT CLUB၏ နွေရာသီသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက နတ်တလင်းမြို့ မြို့မရပ်ကွက် NTN TT CLUB ၌ကျင်းပခဲ့သည်။
ဖျာပုံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ
May 21,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၈) နာရီက ဖျာပုံမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းရေးဆွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး
May 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့က (၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း (5th Years Regional Development Plan)ရေးဆွဲနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများက ညှိနှိုင်းဆွေးနွေးခဲ့သည်။
ဝေါမြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းပင်များစိုက်ပျိုးပွဲ ကျင်းပ
May 21,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းပင်များ စိုက်ပျိုးပွဲကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်(၇)နာရီက မြို့အဝင်ထိပ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီး ဝဲယာတွင်  စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ဖရုံညွှန့်များ ဈေးကောင်းရရှိနေ
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ တစ်နိုင်တစ်ပိုင်မှစ၍ စီးပွားရေးလုပ်ငန်းများအထိ စိုက်ပျိုးရေးလုပ်ငန်းကို အများအပြားလုပ်ကိုင်ကြရာ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဖရုံညွှန့်များဈေးကောင်းရရှိနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့် မိသားစုမီးဖိုဆောင်အသုံးစရိတ်‌ လျော့ချနိုင်သည့်အပြင် အပိုဝင်ငွေပါရရှိကြောင်း ဖရုံစိုက်ပျိုးတောင်သူထံမှ သိရသည်။
ကျောက်တန်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ပညာပေးခြင်း၊ ဖုံးသွန်လဲစစ်၊ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်
May 21,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ကျောက်တန်းမြို့နယ် မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုတ်ကွေးရောဂါပညာပေးခြင်း၊ ဖုံး၊သွန်၊ လဲ၊စစ်၊ အဘိတ်ဆေးခပ်ခြင်း၊ Active An Search ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။