ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးများ ဆောင်ရွက်လျက်ရှိ
May 24,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပ်စို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများတွင် မေလ (၂၂)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့၀င်များ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် တာဝန်ရှိသူများက ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ ပြဌာန်းစာအုပ်၊ ပေတံ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ပေးခဲ့ကြသည်။