သတင်းများ

ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ၄ နာရီက ကျောက်ဆည်ခရိုင်အားကစားကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်၌  စားအုန်းဆီ တစ်ပိဿာ(၈၂၂၁) ကျပ်နှုန်းဖြင့် ပြည်သူများထံရောင်းချပေး
May 21,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲ‌ ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့်  ပြည်သူများထံ သက်သာ‌သောဈေးနှုန်းဖြင့် စားအုန်းဆီများကို ယမန်နေ့၊မွန်းလွဲပိုင်းက ဇေယျာမွန်ရပ်ကွက်၌ ရောင်းချပေးခဲ့သည်။
ဘုတ်ပြင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
May 21,2026
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်(၉)နာရီက  မြို့နယ်ပညာရေးမှူးရုံးရှေ့၊ မြို့မဈေးလမ်းဆုံနှင့် မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံတို့တွင် စိုက်ထူခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
May 21,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကလေးငယ်များစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
မြိတ်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး‌‌နေ့ သီတင်းပတ် မိဘပြည်သူများအား အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ
May 21,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်း‌နေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြရန်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့ နံနက်ပိုင်းက မြိတ်မြို့ရှိ ကျောင်းများတွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ ” ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြသည်။
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာ အဖွဲ့တို့ပူး‌‌ပေါင်း၍ အခမ်းအနားမှူး (MC) သင်တန်း ဖွင့်လှစ်
May 21,2026
ဥတ္တရခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ပူး‌‌ပေါင်း၍ ဥတ္တရခရိုင်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဥတ္တရခရိုင်/ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် YGW မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှ ဆရာ/ဆရာမများ၊ MSME လုပ်ငန်းအသင်းဝင်များနှင့် အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အခမ်းအနားများအောင်မြင်စွာကျင်းပနိုင်ရေးရည်ရွယ်၍ အခမ်းအနားမှူး(MC) သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၁/၂၀၂၆) ဆင်းပွဲကျင်းပ
May 21,2026
စာရေးရိက္ခာဖူလုံဖူလုံရေးနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားတိုးတက်စေရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအမှတ်စဉ်(၁/၂၀၂၆)ဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့ ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်၌ စည်သွပ်ဗူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်
May 21,2026
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ စည်သွပ်ဗူးအမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က  မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။