သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် သုညတဓမ္မရံသီတရားရိပ်သာမှ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ ဦးဆောင်သော သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၈၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူ
May 25,2025
အင်းတကော်မြို့နယ်နှင့် မှော်ဘီမြို့နယ် သုညတဓမ္မရံသီတရားရိပ်သာမှ ဦးစီးပဓာန နာယက ဆရာလေးခေမာရံသီ ဦးဆောင်သော သီလရှင်ဆရာကြီး၊ ဆရာလေးအပါး(၈၀)ကျော်အား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့မုခ် ဝိသာခါ ဓမ္မာရုံရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်လောင်းလှူခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် ခရီးသည်နားနေဆောင်တို့အား တက်ရောက်ဖွင့်လှစ်
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကမ်းနားလမ်း၌ အလျား ၃၄ ပေ၊ အနံ ၁၄ ပေအရွယ် ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် အလျား၄၀ပေ၊ အနံ၁၄ပေအရွယ် ခရီးသည်နားနေဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
နွေရာသီ ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ အတွေ့အကြုံရှင်း
May 25,2025
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့်နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် နွေရာသီရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဘားအံစခန်းမှ သင်တန်းသား၊သင်တန်းသူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း ဆင်းပွဲကျင်းပ
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ တီထွင်ကြံဆတတ်စေရန်၊ အရောင်ရွေးချယ်မှုမှန်ကန်စေရန်နှင့် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည့်အခြေခံ ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို  မေလ ၂၃ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
May 25,2025
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်​ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများ၌ အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေ့နေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၅) ကျင်းပ
May 25,2025
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)နှင့် အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား တက်ရောက်
May 25,2025
ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၄၆)စစ်ရေယာဉ်စု အကူရေယာဉ်အုပ်(မော်လမြိုင်သင်တန်းစခန်း)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အ​​ရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင် ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ခဲ့​ကြသည်။
ကျောင်းကုန်းမြို့၌ မိုးစပါးရာသီ ဆင်းသုခRS မျိုးစပါးများ ထောက်ပံ့ပေးအပ်
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌ ၂၀၂၅ခုနှစ်- ၂၀၂၆ ခုနှစ် မိုးစပါးရာသီအတွက် ဆင်းသုခ RS မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။