သံတောင်ကြီးမြို့နယ်၊သံမိုးတောင်(အထက်)ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည် ထုတ်ပေး ခြင်း ဆောင်ရွက်

 

သံတောင်ကြီး ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက် ဒေသ ဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သောဘေးအန္တရာယ် ကျရောက်ပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ပြီး မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၄၉) ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က သံမိုးတောင်အထက်ကျေးရွာတွင် မြစိမ်း ရောင်ရန်ပုံငွေ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်ကော်မတီများ အချင်းချင်းစည်းလုံးညီညွှတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင် မြင်အောင်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံစွာဖြည့်သွင်းထားရန်၊ အသင်းသားများမှလည်း ချေးငွေဖြင့် လုပ်ငန်းများကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းအတိုး များပြန် လည်ပေးဆပ်ကြရန် ပြောကြားပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သံမိုးတောင်(အထက်)ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၁)ဦး အတွက်ငွေကျပ်(၂၅၇)သိန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၆)ဦးအတွက် ငွေကျပ်(၂၂)သိန်း၊ ရောင်းဝယ်ရေးလုပ် ငန်းလုပ်ကိုင်သူ(၁၆)ဦးအတွက် ငွေကျပ်(၆၈)သိန်း၊ စုစုပေါင်းငွေကျပ်(၃၄၇)သိန်းအား ထုတ်ချေးပေးခဲ့ ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)