အင်းလေးဖောင်တော်ဦးဘုရား၊ နန်းပန်အလိုပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့အား ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း

ညောင်ရွှေ ဇူလိုင် ၆

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ဖောင်တော်ဦးမြတ်စွာဘုရား၊ နန်းပန်အလိုတော်ပေါက်ဘုရား၊ ရွှေအင်းတိန်မွေတော်ဘုရားနှင့် တာခေါင်မွေတော်ဘုရားတို့ကို ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇူလိုင် ၆ ရက်မှစ၍ ဖူးမြော် ကြည်ညိုခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ခရီးသွားဧည့်သည်များ၊ ဘုရားဖူးဧည့်သည်များ အများဆုံးလာရောက်လည်ပတ်လျက်ရှိသည့် ဘုရားများဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဘုရား အသီးသီး၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်