တပ်ကုန်း ဇူလိုင် ၁၆
နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များပြားလာပါက အရေးပေါ် နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ပိုင်းက ဘုရင့်နောင်ရပ်ကွက်အတွင်းရှိ ဓမ္မရိပ်သာတွင် စီစဉ်ဆောင်ရွက်ထားသည်။
အဆိုပါရပ်ကွက် ဓမ္မရိပ်သာ Quarantine Cetner ပြင်ဆင်ရာတွင် အမျိုးသားများအတွက် အ ဆောင်(၃)ဆောင်တွင် နှစ်ယောက်ခန်း (၁၄)ခန်း၊ ဝင်ဆံ့လူဦးရေ(၂၈)ဦး၊ အမျိုးသမီးများအတွက် အဆောင်(၂)ဆောင်တွင် နှစ်ယောက်ခန်း (၁၄)ခန်း၊ ဝင်ဆံ့လူဦးရေ(၂၈)ဦး၊ စုစုပေါင်း(၅၆)ဦးစာ အတွက် စီစဉ်ဆောင်ရွက်ပြီး၊ ခြံဝန်း၊ အိပ်ဆောင်၊ ရေချိုးကန်နှင့်အိမ်သာများ သန့်ရှင်းရေးဆောင် ရွက်ခြင်း၊ အဆောင်များအတွင်းရှိ အိပ်ခန်းများတွင် ဖယောင်းပုဆိုးခင်းခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်းနှင့်လုံခြုံရေးမီးများ တပ်ဆင်မှုလုပ်ငန်းအခြေအနေအား မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးကျော်သူစိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်း၊အတွင်းရေးမှူး ယာယီရဲမှူးတင်အောင်မိုး၊ ဘုရင့်နောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တင်စိုးလွင်