မန်တုံ ဇူလိုင် ၁၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (နမ္မတူ-မန်တုံ) လမ်း၌ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်ထားရှိပြီး ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ အလှည့်ကျ နံနက်(၆:၀၀)နာရီမှ ညနေ(၆:၀၀)နာရီထိလည်းကောင်း မန်တုံဌာနေ ပြည်သူ့စစ်အဖွဲ့မှ ညနေ(၆:၀၀)နာရီမှ ည(၁၀:၀၀)နာရီထိလည်းကောင်း နေ့စဉ်လူအဝင်/အထွက်၊ ကားအဝင်/အထွက် စစ်ဆေးမှုများအား ဆောင်ရွက်လျက်ရှိပါသည်။
မန်တုံမြို့နယ်ပြည်သူလူထုများ၏ စားဝတ်နေရေးအဆင်ပြေစေရန် အပတ်စဉ် တနင်္လာနေ့တိုင်း ကုန်တင်ယာဉ်များအား ဂိတ်ထိဝင်ရောက်ခွင့်ပြုထားသည်။ မြို့တွင်းသို့ ၀င်ရောက်လာသည့် ကုန်တင်ယာဉ်များအား ပိုးသတ်ဆေး ဖျန်းခြင်း၊ ယာဉ်မောင်းများအား PPEဝတ်စုံဖြင့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ စစ်ဆေးမှုများပြုလုပ်ပြီး မြို့တွင်းသို့ ဝင်ရောက်ပို့ဆောင်မှုဖြင့် ကုန်စည် စီးဆင်းမှု အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည်။ လားရှိုးမြို့နယ်မှ မန်တုံမြို့နယ်သို့ အပတ်စဉ် ကုန်တင်ယာဉ်အစီး(၂၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
စည်သူမောင်မောင်