ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာယောစိုက်ပျိုးရေးစပါးမျိုးစေ့ထုတ် မျိုးသန့်ခြံသို့ ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ သြဂုတ် ၁၄
 
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်း ထပ်အိမ်ဂူပရဟိတ ကျောင်းသို့သွား ရောက်ကာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ထောက်ပံ့ ငွေကျပ် (၁၉၁၄၇၅၀) များပေးအပ် လှူဒါန်းပေး ကြပြီး ထပ်အိမ်ဂူပရဟိတတိုက် အုပ်ဆရာတော် ဦးသုမင်္ဂလဆရာတော်မှ ရေစက်သွန်းချအမျှပေးဝေကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ရွှေညောင်မြို့၊ တာယောစိုက်ပျိုးရေးမျိုး သန့်ခြံတွင် စိုက်ပျိုးထားသောရွှေရင် အေး မျိုးသန့်မျိုးပွားမျိုးစေ့စိုက်ပျိုးထားရှိမှုနှင့် နေကြာမျိုး စေ့ထုတ် ရေဆင်း (၁)စပ်မျိုးF1စိုက်ပျိုးထားရှိမှုကို ကြည့်ရှုရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ခြံတာဝန်ခံတို့မှ ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ တာဝန်ရှိသူတို့သည် ဟဲဟိုးမြို့၊ မျိုးချစ်နို့စားနွား မွေးမြူရေး ခြံသို့သွားရောက်ကြည့်ရှုရာ မွေးမြူရေးခြံတွင်နို့စားနွား(၃နှစ်အောက်) အမ(၁၂)ကောင်၊ နို့စားနွား (၃နှစ်အထက်) အထီး (၁)ကောင်၊ အမ(၂၉)ကောင်၊ စုစုပေါင်း(၄၂)ကောင်ရှိပြီး လက်ရှိ နို့ပေးနွားမ(၂၄)ကောင်မှ တစ်ရက် နို့ပိဿာချိန်(၁၃၅) ပိဿာခန့် ထွက်ရှိပြီး နို့ပေါင်းစက်နှင့် နို့အေးခံစက်များဖြင့် သန့်ရှင်းလတ်ဆက်သော နို့များကို ဒိန်ချဥ်(300)ml၊ (600)ml၊ အသင့်သောက်နို့(100)mlအပြင် ထောပတ်၊ အဆီထုတ်နို့၊ နို့ခဲများကို ပြုပြင်ထုတ်လုပ် လျက်ရှိကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမြို့နယ် များ၊ တောင်ကြီးခရိုင်ရှိ မြို့နယ်များသို့ ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ ပြည်နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်မှူးက ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာ ကြားကာ မွေးမြူထားသော နို့စားနွားခြံ၊ နွားအစာကြိတ်စက်နှင့် နို့အေးခံစက်ရုံမှ ထွက်ရှိသော နို့ထွက်ပစ္စည်းများကို လှည့်လည် ကြည့်ရှုကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟဲဟိုးအင်းခေါင်းရွာ သီးနှံ ထုတ်ပိုးစက်ရုံ Agriculture process Center တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် ကျေးလက်ဒေသလမ်းဦးစီးဌာနမှ ပင်မီ ဂေါက်ကလပ်မှ အိုင်းယား- ငုံးသုံ- ပေါတုပ်- ထင်းရှူးကုန်း- သစ်အယ် သစ်- တောင်ပို့လှ- နန်းရုပ်လမ်း၊ ဘော်နင်း-ဆူးပန်းအင်း- ကမ္ဘားနီ-သရက်ပု လမ်းပိုင်းတို့ကို သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများကရှင်းလင်းကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက စက်ရုံအဆောက်အဦများ၊ လမ်းဖောက်လုပ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု ကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် အောင်ပန်းမြို့စိုက်ပျိုးရေးသုတေသနခြံသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ် ဝန်ကြီးများက သွားရောက်ကြည့်ရှုကြရာ အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံမန်နေဂျာ ဒေါက်တာ ဝင်းဝင်းနွယ်မှ ခြံအတွင်း စိုက်ပျိုးထားသော အလားအလာကောင်းသော တောင်ပေါ်ယာ စပါး၊ ရေဆင်းပဲပုပ်မျိုးများ၊ ရောဂါပိုးမွှားကင်းစင်သော မျိုးအာလူး၊ စပ်မျိုးပြောင်းဖူး မျိုးသစ်များ၊ ထုတ်ဝေပြီး ဂျုံမျိုးများ တစ်ဧက အကျိုးအမြတ်အများဆုံးရရှိ စေမည့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အောင်ပန်း(၁၀၈) တောင် ဘုရားအား သွားရောက်၍ အောင်ချမ်းသာစာသင်တိုက် နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဦးပညာဝံသအား ဖူးမျှော်ကန်တော့၍လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ(၁၀၈) တောင်ဘုရား တည်ဆောက်နေမှုအတွက် ဂေါပကအဖွဲထံ အလှူငွေကျပ် (၂၀)သိန်းလှူဒါန်းပေးပြီးဘုရားအား ဖူးမျှော်ကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)