မော်လမြိုင်ကျွန်း သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့တွင် Oxygen Plant တည်ဆောက်နိုင်ရေး အတွက် တရုတ်နိုင်ငံမှ တစ်နာရီလျှင် 40 liter အိုး 9လုံး (24နာရီကို အိုးကြီး 200 ခန့်) ထွက်ရှိမည့် NZO-50 Oxygen Plant model အား U$55710 ဖြင့် ဝယ်ယူပြီးဖြစ်ပါကြောင်းနှင့် အမြန်ဆုံး တပ်ဆင် ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ အမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များမှ အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိရာ မြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး လုပ်ငန်းသည် ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်၍ အမြန်ဆုံး ဆောက်လုပ်ပြီးစီးနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း စက်ရုံဖြစ်မြောက်ရေး ကော်မတီ ထံမှ သိရှိရသည်။
သီတာအောင်(ပြန်ဆက်)