လားရှိုး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန် က နယူးစတားလိုက်ဆောက်လုပ်ရေးကုမ္ပဏီမှ တန့်ယန်းမြို့ရှိ ဘုန်းကြီး ကျောင်း/ သီလရှင်ကျောင်းများအတွက် ဆန်၊စားသောက်ကုန်များနှင့် လားရှိုး ကိုဗစ်-၁၉ ရောဂါ ကြပ်မတ်ကုသရေးစင်တာသို့ အလှူငွေများ လှူဒါန်းပေးခဲ့သည်။
ရှေးဦးစွာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူဆယ်ဗဟိုစီးပွားရေးဇုံစီမံကိန်း၊ နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသော ဆန်၊ စားသောက်ကုန်များနှင့် အလှူငွေများကို လက်ခံရယူပေးခဲ့သည်။ အဆိုပါလှူဒါန်းရာတွင် ဆန်(၂၀၀)အိတ်၊ ဆီ(၆၀)ပိဿာ၊ ဆား(၆၀)ပိဿာ၊ ကြက်သွန်နီ(၅၀၀)ပိဿာ၊ ကြက်သွန်ဖြူ(၄၀)ပိဿာ၊ ငရုတ်သီးခြောက် (၂၀)ပိဿာ၊ အာလူး(၅၀၀)ပိဿာ၊ ကုလားပဲ(၁၀)အိတ်၊ ကြာဇံ(၁၀၀)ပိဿာ၊ ခရမ်းချဉ်သီး(၁၂၀)ပိဿာ၊ အရောင်တင်မုန့်၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံများနှင့် လားရှိုး ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာသို့ အလှူငွေကျပ်သိန်း (၃၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဥမ္မာချို