မန္တလေး ဩဂုတ် ၁၄
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ဆန်နှင့်ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေလှူဒါန်းခြင်းကို ယနေ့နံနက် ၈နာရီခွဲ က မေဃဂီရိရပ်ကွက်၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၈၂လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်အောင် (အမှတ်(၂)စစ်နယ်မြေမှူး) ဦးဆောင်၍ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်မျိုးဝေနှင့် တပ်မတော်သားများက မေဃဂီရိရပ်ကွက်အတွင်း၌ နေထိုင်ကြသော ဒေသခံပြည်သူအိမ်ထောင်စု (၂၀၀)စုတို့အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှင့် ခေါက်ဆွဲခြောက် (၃)ထုပ်စီတို့ကို ပေးဝေလှူဒါန်းကြရာ မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့် ရာအိမ်မှူးများ က ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)