သတင်းများ

စစ်တွေမြို့၌ ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုမရှိရေးအတွက် Mask များ အခမဲ့ဖြန့်ဝေ
Aug 15,2021
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ကိုဗစ် ၁၉ ရောဂါ ပျံနှံ့မှုမရှိစေရေးအတွက် Mask Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုမရှိရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက Mask များအခမဲ့ဖြန့်ဝယ်ပေးကြသည်။
တွံတေးမြို့နယ်၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ပြီးစီး၍ ၂၄ နာရီအောက်ဆီဂျင်များ ထုတ်ယူနိုင်မှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပထမဆုံးသော အလှူရှင်များမှ လှူဒါန်းသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ရုံကို တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ စိတ္တသုခလူမှုကူညီရေးအသင်းရုံးတွင် အောက်ဆီဂျင် စက်ရုံကိုတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင် များ ထုတ်လုပ်ပေးနေပြီးဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဆေးဆိုင်များအနေဖြင့် ဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး
Aug 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆေးဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆေးဝါးများ ရောင်းချရာတွင် ဈေးနှုန်းများ မြင့်တက်၍ ရောင်းချခြင်း၊ သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ်စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်
Aug 15,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ Stay At Home သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် စစ်ဆေးကြပ်မတ် ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ရှိ လမ်းဆုံးများနှင့် လူအများ သွားလာရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ် မတ်ရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့ မှ မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံကြရန် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ရွာခွဲတာဝန်ခံများအား တွေ့ဆုံ
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးရွာများသို့ ကာကွယ်ဆေးများ လာရောက်ထိုးနှံပါက အသက်(၆၅) နှစ်  နှင့် အထက် အဘိုး၊ အဘွားများ အားလုံး ကာကွယ် ဆေးထိုးနှံသွားကြရန် အသိပေးပြောကြားခြင်းကို ယမန်နေ့က ကူကြီးကျေးရွာ အုပ်စု၊ အုပ်ဖိုကန် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား တွေ့ဆုံကြားခဲ့ကြောင်း သိရသည်။
သရက်မြို့ယာယီပျံကျဈေးနှင့် အသားငါးဈေးရှိ ဈေးရောင်း/ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 15,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီက  ဗိုလ်ချုပ်အားကစားကွင်းအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ယာယီပျံကျဈေးနှင့် မြို့မဈေးအတွင်းရှိ အသားငါးဈေးတို့တွင် ဈေးဆိုင်များ စနစ်တကျ ရောင်းချစေရန်၊ ဈေးဝယ်သူများ ဈေးဝယ်ခွင့်ကတ်များ ကိုင်ဆောင်ဝယ်ယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် စေရန်တို့အား အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို မြို့နယ် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။