ဇလွန်မြို့နယ်အတွင်းရှိအသက်( ၆၅ )နှစ်နှင့်အထက်ဘိုးဘွားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ဇလွန် သြဂုတ် ၁၄ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ၊ နန်းတော်ကျွန်းကျေးရွာအုပ်စု အ.ထ.က(နန်းတော်ကျွန်း)နှင့် ရေလဲကျေးရွာအုပ်စု အ.ထ.က-ခွဲ(ကျွန်းကြီး)တို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က စတင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံနိုင်စေရေး ဆောင်ရွက်ပေးလျက်ရှိရာ ဇလွန်မြို့နယ်တွင်လည်း အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဆေးထိုးစုရပ်များခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ကြည့်ရူ့အားပေးခဲ့ပြီး၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဝေယံ-ဇလွန်(ပြန်/ဆက်)