သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်တစ်နှစ်အောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် တစ်နှစ် အောက်ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ထိုးနှံကြောင်းသိရပါသည်။
ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ် စညတဲတန်းကျေးရွာ တိရစ္ဆာန် အသက်ကယ်ကုန်းတွင် နွားကောင်ရေ(၁၁၂)ကောင်ရောက်ရှိ
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စု တဲတန်းကျေးရွာတိရစ္ဆာန် အသက်ကယ်ကုန်းတွင် ဇူလိုင်(၃၀)ရက်မှ ယမန်နေ့ထိ နွားကောင်ရေ (၁၁၂)ကောင် ရောက်ရှိလာကြောင်း သိရသည်။
မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေး
Aug 04,2020
မိတ္ထီလာမြို့ ထီလာဦးမျက်စိအထူးကုဆေးရုံမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိပ်ကုသပေးခြင်းကို ယမန်နေ့ နံနက်က ခွဲစိတ်ကုသပေးခဲ့ကြောင်း ထီလာဦးမျက်စိအထူးကုဆေးရုံမှ သိရသည်။
ကျိုင်းတုံ−မိုင်းခုတ်-မိုင်းဆတ်ကားလမ်းမပေါ် သစ်ပင်ကြီးတစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
Aug 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ၌ ယမန်နေ့ညအချိန်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယနေ့နံနက်ပိုင်းအချိန် မိုင်းခုတ်-မိုင်းဆတ်မြို့ဆက်သွယ်ထားသော မိုင်းခုတ်မြို့နှင့် ရှုခင်းသာ (၁)ရွာကြား ကားလမ်းမပါ်သို့ လုံးပတ် နှစ်ပေပတ်လည်ခန့်၊ အမြင့် (၃၀)ပေ ခန့်ရှိ ဒေသအ ခေါ်ဝေါ်အရ စက္ကူ သစ်ပင် ပြိုလဲ၍ လမ်းပိတ်ဆို့မှုခတ္တဖြစ် ပေါ်ခဲ့‌ ကြောင်း သိရသည်။
ဖားကန့် ဝှေခါမှော် မြေပြိုကျမှုဖြစ်ပွားခဲ့ရာကျင်းဘက်သို့ ထပ်မံမြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှ နေအိမ်များအား ယာယီပြောင်းရွှေ့ရန်နေရာများ စီစဉ်
Aug 04,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်ရပ်နားထားရာ ကျင်းဘက်သို့ မြေပြိုကျနိုင်သည့် ရပ်ကွက်အချို့မှ နေအိမ်များအား ယမန်နေ့က ယာယီ ပြောင်းရွှေ့ရန် နေရာစီစဉ်လျက်ရှိနေကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ထံမှ သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်း စမှစ၍ အသက်(၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၈)နာရီက အမှတ်(၁၁) ရပ်ကွက်၊ သာသနာ့ဟိတ ဓမ္မာရုံကြီးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့ ဝါရှောင်ဆည်ရေသောက် ဧရိယာအတွင်းရှိ လက်တံမြောင်းများအား Cash For Work စီမံကိန်း ထောက်ပံ့ငွေဖြင့် တောင်သူများ ကိုယ်တိုင် ရှင်းလင်းရေးဆောင်ရွက်
Aug 04,2020
ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားမှုရန်အတွက် ( Covid-19 Economic Relief Plan – CERP ) အစီအစဉ်အရ ဝိုင်းမော်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝါရှောင်ဆည် လက်တံမြောင်းရှင်းလင်းရေး လုပ်ငန်းများအတွက် Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ‌တောင်သူများကိုယ်တိုင် သဲနှုန်းဆည်ခြင်း၊ မြောင်းများပြုပြင်ထိန်း သိမ်းခြင်းလုပ်ငန်းများကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ ခေါဇာမြို့တွင် အခြေခံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်
Aug 04,2020
ကုလသမ္မဂဖွံ့ဖြိုးမှု အစီအစဉ်( UNDP) မှစီစဉ်ဆောင်ရွက်သော မြို့နယ်အဆင့်၊ရပ်ကျေး အဆင့် ဘေး အန္တရာယ် စီမံခန်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများအတွက် အခြေခံဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာ မြို့‌ေကျာင်းသစ်‌ဘုန်ကြီး‌ကျောင်း တွင် ယနေ့ နံနက် ၁၀ နာရီက သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။