လဟယ် ဩဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်တစ်နှစ်အောက်ကလေးသူငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် စတင်ထိုးနှံကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်ဝန်ဆောင်မိခင်များကို မေးခိုင်ကာကွယ်ဆေးအားလည်းကောင်း အသက်တစ်နှစ် ကလေးသူငယ်များကို ပုံမှန်ကာကွယ်ဆေးအားလည်းကောင်း ထိုးနှံတိုက်ကျွေးကြပြီး မြို့ပေါ် (၄)ရပ်ကွက်နှင့် အခြေစိုက် တပ်ရင်းအပါအဝင် ရပ်ကွက်(၅)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် တစ်နှစ်အောက်ကလေးသူငယ်များကို ထိုးနှံပေးနေခဲ့ကြောင်း တာဝန်ရှိဆရာမတစ်ဦးထံမှ သိရသည်။
ပါမင်းလိုင်(ပြန်/ဆက်)