ခေါဇာ ဩဂုတ် ၄
ကုလသမ္မဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) မှစီစဉ်ဆောင်ရွက်သော မြို့နယ်အဆင့်၊ ရပ်ကျေး အဆင့် ဘေးအန္တရာယ်စီမံခန်ခွဲမှု ကော်မတီအဖွဲ့ဝင်များ နှင့် စေတနာ့ဝန်ထမ်းများအတွက် အခြေခံဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာ မြို့ကျောင်းသစ် ဘုန်ကြီးကျောင်း တွင် ယနေ့ နံနက် ၁၀ နာရီက သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ရေးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP) မှပြည်နယ်တာဝန်ခံ ဒေါ်နီနီလွင်က အခြေခံဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေကို သေချာသိရှိစေရန်၊ မဖြစ်ခင်ကြိုတင် ကာကွယ်ခြင်း၊ ဖြစ်နေတဲ့ အချိန်မှာ ဘယ်လိုတုန့်ပြန်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ဖြစ်ပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ခြင်း ကဏ္ဍ(၃)ရပ်ကို ခွဲခွဲခြားခြားသိမြင်စေရန်၊ စီမံ ခန်ခွဲမှုကောင်းကောင်းနဲ့ တစ်ဦးနဲ့တစ်ဦးချိတ်ဆက်ဆောင်ရွက်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သိရှိစေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၄ ရက်နေ့မှ ၆ ရက် နေ့အထိ (၃) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး ခေါဇာမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်း သား/သူ (၂၅) ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)