သတင်းများ

လင်းခေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jul 12,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနှင့် မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား(ဒုတိယအကြိမ်)ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီက မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနဝင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မြို့၌ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့်မှတ်ပုံတင်ပြုလုပ်ပေး
Jul 12,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိမြို့နယ်များမှ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု၊ ဦးစီးဌာန လွိုင်လင်ခရိုင်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်ပေါင်း ၃၀ အတွင်း One Stop Service စနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ် ခဲ့သူများကို Swab ယူစစ်ဆေးရာ (၂၀)ဦး တွေ့ရှိ
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၂၀)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့် ပရဟိတအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
Jul 12,2021
တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လုပ်ဆောင်နေကြသည့် ပရဟိတအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ပြုလုပ်သည်။
ကော့မှူးမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြပ်မတ်စစ်ဆေး
Jul 12,2021
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့‌မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ရေးရန် နှာခေါင်းစည်း Mask မတပ်ဆင်လာသူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အပူချိန်တိုင်းတာခြင်းများကို ယနေနံနက်က ဆောင်ရွက်နေကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် ရွှေဝါရောင်ကုမ္ပဏီမှ အောက်ဆီဂျင်နှင့် အလှူငွေများ ပေးပို့လှူဒါန်း
Jul 12,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်လျှက်ရှိရာ မြို့နယ်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် ရွှေဝါရောင်ကုမ္ပဏီမှ အောက်ဆီဂျင်နှင့် အလှူငွေများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စည်ပင်သာယာမြို့မဈေးကြီးကို ယာယီပိတ်ထားမည်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် စည်ပင်သာယာမြို့မဈေးနှင့်ယာယီပျံကျဈေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စတင်၍ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
သံဃာတော်တစ်ပါး ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သောကြောင့် စခန်းကြီးတောရကျောင်း ကျောင်းတိုက်အား အသွားအလာကန့်သတ်ထားရှိ
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စခန်းကြီးကျေးရွာမှ စခန်းကြီးတောရကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် သံဃာတော်တစ်ပါး ကိုဗစ်အတည်ပြုလူနာ၏ မိသားစုဝင်များနှင့် ထိတွေ့ခဲ့မှု ကြောင့် ကျောင်းတိုက်အား ယာယီအသွားအလာကန့်သတ်ထားကြောင်း သိရသည်။