သတင်းများ

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး စတင်ဆောင်ရွက်
Oct 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးလုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ရောင်းချ
Oct 21,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ ကူမဲမြို့များတွင် ယမန်နေ့က စားအုန်းဆီတစ်ပိဿာငွေကျပ်  ၇၆၉၀ ဖြင့် ပြည်သူများအား စားအုန်းဆီ ပိဿာ ၇၇၀  ရောင်းချပေးခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်
Oct 21,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
မင်းလှမြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 21,2025
မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  မင်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများအဖြစ် ယမန်နေ့ နံနက်က မင်းလှမြို့နယ် ကိုင်းစံပြ ကျေးရွာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 21,2025
မူဆယ်မြို့အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များအား ကျန်းမာရေး အသိ၊ သတိရှိစေရန်နှင့် မိမိကိုယ်တိုင်ကျန်းမာမှအများနှင့်အတူ ဆောင်ရွက်နိုင်သည့်အရာများကို ဆောင်ရွက်နိုင်သည်ကို သိရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ  ၂၁ နံနက် (၉)နာရီအချိန်က မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး
Oct 21,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်က ကန့်ဘလူမြို့နယ်စီးပွားရေးဘဏ်ရုံး၌ကျင်းပရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လင်းခေးတွင်  မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM နှင့်ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေး
Oct 21,2025
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ဆက်စပ်ပစ္စည်းများ ပြည့်စုံမှန်ကန်ပြီးကောင်းမွန်မှုရှိ/မရှိ သိရှိနိုင်စေရန်ရည်ရွယ်ချက်ဖြင့် လင်းခေးမြို့နယ်နည်းပညာ အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများသည် ယနေ့ နံနက်၉နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် ဆက်စပ်ပစ္စည်းများအား ဖွင့်ဖောက်စစ်ဆေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
နောင်ချိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းကြေညာ
Oct 21,2025
၂၀၂၅ခုနှစ်ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တိုဘာ ၁၉ ရက်ညနေပိုင်းကစတင်ပြီး နောင်ချိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။