သတင်းများ

ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်း အသိပေးကြေညာ
Oct 21,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို ယမန်နေ့နံနက်ပိုင်းကစတင်ပြီး ပန်းဘဲတန်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
သာစည်မြို့နယ် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း(RBF) စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများအောင်မြင်
Oct 21,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးလက်နေအိမ်ထာင်စုများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြက်မောက်ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (RBF)စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ အောင်မြင်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြသက်ဝင်းထံက သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ဆောင်းသီးနှံမြေပြင်စိုက်ပျိုးဆောင်ရွက်
Oct 21,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဆောင်သီးနှံအတွက် ဒေသခံတောင်သူများက ကိုင်းစိုက်ပျိုးမြေများတွင် မြေပြင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းတုံ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်‌ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ ပူးပေါင်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေ‌‌ထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်ထွက်ရှိလာသောစိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကျင်းပ
Oct 21,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်အတွင်း သီးနှံများတစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော စိုက်ပျိုးသီးနှံထွက်ကုန်များ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ညိုကျေးရွာအုပ်စု၊ မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ  ဒုတိယညွှန်ကြား‌ရေးမှူးချုပ်(နည်းပညာ) ဦးမျိုးဇော်၊ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းလုပ်ငန်းများဆောင်ရွက်
Oct 21,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ရခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊‌ ပွေးလှကျေးရွာအုပ်စု၊ ပွင့်လန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Oct 21,2025
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း နွေစပါး စိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးဆောင်ရွက်
Oct 21,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူရေးရုံးက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အား ခွဲစက်ရုံမှလျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ်ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။