သတင်းများ

သံတောင်ကြီးဒေသထွက် ကွမ်းသီးများအထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရရှိ
Oct 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီးဒေသခံပြည်သူများမှာ အများအားဖြင့်  ဉယျာဉ်ခြံလုပ်ငန်းကို   အသက်မွေးဝမ်းကျောင်းအနေနှင့်  အဓိကလုပ်ကိုင်   ဆောင်ရွက်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင်သံတောင်ကြီး ဒေသထွက်ကွမ်းသီးများမှာ  မိုးအလွန်များခြင်းနှင့်  မြေပြိုမှုများကြောင့်  ကွမ်းသီးပင်များပျက်စီးခြင်း အသီးနုချိန်တွင် ကြွေကျခြင်းများကြောင့်  အထွက်နှုန်းလျော့နည်းသော်လည်းဈေးကောင်းရရှိကြောင်း သိရသည်။
ပြည်မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Oct 21,2025
အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတ များတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Oct 21,2025
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံပိုင်းက စတင်ကာ ဆောင်ရွက်‌ပေးလျက်ရှိသည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ပြိုင်ပွဲများပြုလုပ်
Oct 21,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ကျောင်းသူ၊ ကျောင်းသားများအား ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခွဲခန့် ရေကျော်စီးဆင်းလျက်ရှိ
Oct 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ မှီခိုအားထားရသော ကြီးအုံကြီးဝတမံသည် မိုးနှောင်းမိုးရွာသွန်းမှု အားကောင်းခဲ့သဖြင့် တမံအတွင်းသို့ မိုးရေများ ဝင်ရောက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက်၊ နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပိုလွှဲမှတစ်ပေခွဲခန့် ဆက်လက်ရေကျော်စီးဆင်းလျက်ရှိကြောင်း အဆိုပါတမံရေကင်းတာဝန်ရှိသူများထံမှ သိရသည်။
ထားဝယ်မြို့၏ ထင်ရှားကျော်ကြားသော နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပွဲဇော်ပွဲ ထားဝယ်သူ၊ ထားဝယ်သားများ ပါဝင်ဆင်နွှဲ
Oct 21,2025
ထားဝယ်ဒေသသည် တောင်များပတ်လည်ဝိုင်းရံလျက်ရှိပြီး စိမ်းစိုလှပသော တောတောင်ရေမြေ၊ သဘာဝအလှတရားများ၊ အပမ်းဖြေနားနေစရာ လှပသာယာသောကမ်းခြေများ ထားဝယ်ရိုးရာ ယဉ်ကျေးမှုဓလေ့များနှင့်ပွဲတော်များ၊ ဘာသာရေးပွဲတော်များနှင့် ပြည့်နှက်နေသော ထားဝယ်ဒေသ တစ်ခုဖြစ်သည်။ ထို့အပြင်အလှူအတန်းများလည်းပေါများလှသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်တွင် လာရောက်ဖူးမြှော်ပြီးလေ့လာခြင်းဖြင့် ထားဝယ်လူမျိုးများအလှူအတန်း ရက်ရောကြသူများဖြစ်ကြောင်းကိုပါ တွေ့မြင်သိရှိနိုင်သည်။ ထားဝယ်တွင် ဗုဒ္ဓဘာသာကိုအများဆုံးကိုးကွယ်ကြပြီး အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာကိုးကွယ်သူများလည်း ရှိသည်။
မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်
Oct 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၂၁ ရက်နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ
Oct 21,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို အောက်တိုဘာ ၂၀ ရက်နေ့နံနက်ပိုင်းက စတင်ကပ်ထားကြေညာထားရှိကြောင်း သိရသည်။