အထက်မင်းလှ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများအဖြစ် ယမန်နေ့ နံနက်က မင်းလှမြို့နယ် ကိုင်းစံပြ ကျေးရွာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကျေးရွာဖြစ်သော ကိုင်းစံပြကျေးရွာရှိ အမျိုးသမီးရေးရာ ဆယ်အိမ်စုမှူးများနှင့်တွေ့ဆုံပြီး အမျိုးသမီးဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများနှင့်ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုင်းစံပြကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးနှင့် ကျန်းမာသန့်ရှင်းစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)