သတင်းများ

ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၅ခုနှစ် လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိ
May 25,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန်  ကျွန်း၊ ပျဥ်းကတိုး၊ စိန်ပန်းကြီး၊ မန်ဂျန်ရှား၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀)ပင်ကို နည်းလမ်း(၉)သွယ်ဖြင့် ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။
လပွတ္တာမြို့ပေါ်ရပ်ကွက်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့‌ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်၌ မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်အဆင့်​ကျောင်းအပ်နှံ​ရေး အခမ်းအနားကျင်းပ
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်​ရေး ကျောင်းအပ်နှံရေးအခမ်းအနားကို မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ စကားဖြူခန်းမ၌ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ
May 25,2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
တွံတေးမြို့၌ ဂျပန်ဦး‌နှောက်ရောင်ကာကွယ်ဆေး ဆက်လက်ထိုးနှံ
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်တွင် ရပ်ကွက်အတွင်းရှိ အသက် ၁ နှစ်မှ ၅ နှစ်အထိ ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ‌ထိုးပေးခြင်းကို ယမန်နေ့နံနက်၉ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်လက်ထိုးနှံပေး‌ခဲ့သည်။
တွံတေးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်၌  ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရွှေဆံတော်ရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချ ဝန်ဆောင်မှုပေးနေသည့် စားသောက်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စားသုံသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ အစားအသောက်ရောင်းချဝန်ဆောင်မှုပေးသည့် စားသောက်ဆိုင်များ သန့်ရှင်းမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂ ရာရီအချိန်က စားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ (ခရိုင်နှင့်မြို့နယ်)အဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနား ပြုလုပ်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ခရိုင်နှင့်မြို့နယ်)အဆင့်ကျောင်းအပ်နှံရေးသတင်းပတ်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း ပညာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။