သတင်းများ

သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
May 24,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်သောအဖွဲ့သည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရေပယ်ကျေးရွာနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေပယ်(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိပညာဗဟုသူတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
May 24,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ဖြူးမြို့နယ်၌ ကျေးရွာဖွံဖြိုးရေး စီမံကိန်း VDP ရေးဆွဲနည်းသင်တန်းဖွင့်လှစ်
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်း(AVIP) သင်တန်းဖွင့်ပွဲကို  ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
May 24,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဘိုကလေးမြို့နယ်တွင် ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
May 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားခန်းမတွင် ယနေ့ မေလ(၂၄) ရက်မှ စတင်၍ (၂၆)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ဘိုကလေးမြို့နယ်မှ Pioneer Badminton Club အသင်း၏ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းအတွင်းမှ ကြက်တောင် အားကစားသမားများအား ဖိတ်ခေါ်၍ ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက် (၈)နာရီ အချိန်တွင် မြို့နယ်အားကစားခန်းမ၌ ဖွင့်ပွဲကျင်းပခဲ့သည်။
မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းဆောင်ရွက်
May 24,2025
၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ္ထီလာ မြောက်ကန်ပတ်ဝန်းကျင်တွင် ပလတ်စတစ် အမှိုက်ကင်းစင် ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်
May 24,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပေးနိုင်ရန် မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဦးဆောင်သော ခရိုင် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည်  ယမန်နေ့ မွန်းလွဲ ၃နာရီတွင် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဟောင်ကြန့်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။