သတင်းများ

ထန်းတပင်မြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် လူငယ်၊ လူရွယ်များအတွက် အခြေခံကွန်ပျူတာအသုံးပြုနည်းသင်တန်းကို (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့ပေါ်ရှိကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးပိုစတာကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 25,2025
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌  ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းနှင့် မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာ‌ရေးအသိပညာပေးဗီနိုင်းပိုစတာများကပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ စတင်၍ ဆောင်ရွက်ခဲ့သည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပ
May 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဌေးကြည်(စလင်း)ရေးသားသည့် “အသေးအမွှား” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့၀င်များက အမှတ်(၁၃)ရပ်ကွက်အတွင်းသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့သည်။
ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
May 25,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် လူသုံးကုန်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ကသာခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီခန်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အစိုးရသိပ္ပံကျောင်းများနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
May 25,2025
ကယားပြည်နယ်အတွင်း ၂၀၂၅−၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်)၊ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)နှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်ပြီးစီးမှုအခြေအနေများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
နမ့်စန်မြို့တွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ပြည်သူ့စစ်အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ
May 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဟိုမိန်းပြည်သူ့စစ်(ဌာနေ)အဖွဲ့၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကို နမ့်စန်ကျေးရွာအုပ်စု၊ ဝမ်ကျောင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
May 25,2025
ရန်ကုန်တိုင်း‌‌ဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက် နံနက် ၉ နာရီမှစပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက ပျော်ရွှင်စွာ လာရောက်ကျောင်းအပ်နှံလျက်ရှိသည်။