တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာ အဆင့် ကျောင်းသား/သူများ ပညာသင်ကြားလျက်ရှိ
Jun 04,2025
"ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်တဲ့နေရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍဟာ များစွာအရေးကြီးတဲ့အတွက် ပညာရေးဝန်ကြီးဌာနက "ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိ စေရန်" ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ဇွန်လ(၂)ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)တွင်လည်း ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့် သင်ရိုးညွှန်းတမ်းများနှင့်အညီ လက်သင်္ကေတပြဘာသာစကားဖြင့် ပညာသင်ကြားပေးလျက်ရှိပြီး တာမွေမြို့နယ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ အကြားအာရုံချိုတဲ့သော အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူလေးများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။