သတင်းများ

ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာလျော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
May 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌  ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့ (၁)နာရီ (၅၀)အချိန်က လျှပ်စစ်ဝါယာလျော့ဖြစ်ကာ ရေခဲသေတ္တာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁)စုအား ယမန်နေ့ မွန်းလွှဲ(၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆင်းသုခနွေစပါးစံပြကွက်အား ကွင်းဆင်းကြည့်ရှု့
May 24,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တီးလေးကျေးရွာကွင်း အမှတ် (၄၅၅) ဦးပိုင်အမှတ် (၁၂.၂၂) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စိုက်ပျိုးဧက (၄၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စံပြစပါးစိုက်ကွင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ စာကြည့်တိုက်သုံးပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီကလှူဒါန်းသည့်  စာကြည့်တိုက်သုံး ပရိဘောဂပစ္စည်းနှင့် စာအုပ်စာစောင် များ ထပ်ဆင့်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၌ ဆပ်ပြာမျိုးစုံပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ နယ်အတွင်းရှိရပ်ကွက်/ကျေးရွာနေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ရန် ကုန်တိုင်းဒေသကြီးအသေး စားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ် အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သော၂၀၂၅- ၂၀၂၆ ခုဘဏ္ဍာရေးနှစ်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုလူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မှော်ဘီမြို့နယ်ကုလားကြီးကုန်း ခေတ်မီစံပြကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်
May 24,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် မသန်စွမ်းသူများအား ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)က လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို မေလ(၂၃)ရက် နေ့က စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက သိရသည်။
ဆင်ပေါင်ဝဲမြို့၌ မြို့နယ်တိုင်းရင်းဆေးကုသဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်
May 24,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဆင်ပေါင်ဝဲမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေး ကုသရေးအဖွဲ့မှ ကွင်းဆင်းဆေးကုသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ဆင်ပေါင်ဝဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားကြီးကျောင်းတိုက်အတွင်း၌ ဆေးကုသခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 24,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြိုကာလတွင် ကျွဲတဲရပ်ကွက်ရှိ ကျွဲတဲကွက်သစ်တွင် သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်
May 24,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယ‌မန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်ဝောာ်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်‌ ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၊ ဆပ်ကော်မတီဝင် များ နှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။