သတင်းများ

ပုဇွန်တောင်မြို့နယ်၌ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Oct 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ အောက်တိုဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Oct 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာကာ ကျေးလက်ဒေသဆင်းရဲမှုနှုန်း လျော့ကျလာစေရန် ရည်ရွယ်၍ ကျောင်းစုကျေးရွာ၌ ဧကဒဿမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နာဂပုရသာ သနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် သာမဏေကျော်စာမေးပွဲကြီးနှင့် ဒသမအကြိမ်အင်းအမျိုးသားနေ့အခမ်းအနား တက်ရောက်ချီးမြှင့်
Oct 22,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက်အောက်တိုဘာ(၂၁)ရက်နံနက်(၈)နာရီခွဲကပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့၊ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ပင်လင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နာဂပုရသာသနာလင်္ကာရအသင်းကြီးက ကျင်းပသောပဥ္စမအကြိမ် နာဂပုရသာသနလင်္ကာရ သာမဏေကျော် စာမေးပွဲကြီးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်​၊အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က အလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြရာ ဂေါပကတာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၅)ကျင်းပ
Oct 22,2025
ကယားပြည်နယ်အတွင်း စီမံကိန်းရည်မှန်းချက်တာဝန်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။
မိုင်းတုံမြို့၌ လယ်စပါးစံကွက် ရိတ်သိမ်း
Oct 22,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်တုံအုပ်စုရှိ ကွင်းအမှတ် (၁)၊ ဦးပိုင် (၇၂) တောင်သူ ဦးစိုင်းမတ်၏လယ်တွင်  မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊‌ ခရိုင်‌လယ်ယာ‌မြေစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးအေးဇင်သိန်း၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိ ဦး‌အောင်နိုင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းးမှု‌ကော်မတီများနှင့် ကျေးရွာ ကော်မတီများမှ ကြည့်ရူ့အား‌ပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်
Oct 22,2025
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက  နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဖွင့်ပွဲပြုလုပ်
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ အမှတ်(၁)အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းစစ်ရေးပြကွင်း၌ အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီက ပြည်သူ့စစ်မှု ထမ်းသင်တန်းအမှတ်စဉ် (၁၈)သင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ရာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေဝင်းအောင်၊ အမှတ်(၁)အရာခံနှင့် အကြပ်ကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ကျော်သူလှိုင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများတက်ရောက်ခဲ့သည်။
လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ စာပေဟောပြောပွဲကျင်းပ
Oct 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ စာပေဟောပြောပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် (၁၀)နာရီက မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။