သတင်းများ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ကျိုက်မရောမှ ၂၀၂၅ခုနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
Oct 22,2025
ကျိုက်မရောမြို့နယ်တွင် မြန်မာ့လယ်ယာဖွံဖြိုုးရေးဘဏ် (ခွဲ) မှ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက် ထုတ်ပေးလျက်ရှိရာ အောက်တိုဘာ ၂၂ ရက်  နံနက်  ၉နာရီမှစတင်ကာ တောင်သူများထံ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် လယ်ယာကုန်ထုတ်လမ်း ရာနှုန်းပြည့်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Oct 22,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် ယခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ဆယ်မိုင်ကျေးရွာအတွင်းရှိ လယ်ယာကုန်ထုတ်လမ်းအား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
သာစည်မြို့ အ-ထ-က (၂) ၌ လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်း ကျင်းပပြုလုပ်
Oct 22,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့၌ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၈ နာရီခွဲက သာစည်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်သည်။
လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်း အချိန်တစ်ဆယ်လျှင် ကျပ် (၆၀၀၀ဝိ/-) အထိ စျေးကောင်းရရှိ
Oct 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် တောင်ပေါ်ကွမ်းကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွဲဖက်၍ စိုက်ပျိုးထားလျက်ရှိကြရာ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ မိုးရာသီအကုန် ဆောင်းအဝင်ကာလ၌ ဆွတ်ခူးရောင်းချရာတွင် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
Oct 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိသော  ကြက်ပေါင်သီးများကို ဒေသခံများက  လိုက်လံဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ် မင်းလွင်ကျေးရွာ (အ.လ.က) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ
Oct 22,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက မင်းလွင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
မြို့နယ်ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Oct 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်၌ ‌ရွေးကောက်ပွဲဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ကျောင်းသားမိဘများနှင့် ယနေ့နံနက် ၁၀ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။