နေပြည်တော် အောက်တိုဘာ ၂၂
နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက နိုင်ငံတော်အကြီးအကဲ လမ်းညွှန်ခဲ့သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေအား နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်တို့က ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဝာာဝန်ရှိသူများက ဆောင်ရွက်ရမည့်အချက်များနှင့်စပ်လျဉ်း၍ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လုပ်ငန်းအဖွဲ့များအလိုက် ဆောင်ရွက်ရမည့်အချက်များ၊ ကျင်းပရေးဗဟိုကော်မတီသို့ တင်ပြပြီး အတည်ပြုချက်ရယူမည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် အချိန်မီကြိုတင်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပြီး အခက်အခဲရှိပါက ဆပ်ကော်မတီမှတဆင့် ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် လုပ်ငန်းများလစ်ဟာမှုနှင့် အားနည်းချက်များ မရှိအောင် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်နှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို အခြေခံပြီး အစစအရာရာ ဂရုတစိုက်ဖြင့် စနစ်တကျ အထူးအလေးအနက်ထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)